梦幻国际下载大红鹰bbin

2019-07-15 15:19 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ကူမင်းမြို့ ဆဌမအကြိမ် အားကစားပြိုင်ပွဲကို ဇူလိုင်လ ၁၅ရက်မှ ၂၅ရက်အထိ ရှီလင် ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်၌ ကျင်းပမည်။ ၎င်းအနက်၊ ကွင်းဖွင့်ပွဲကို ဇူလိုင်လ ၁၅ရက်ည ၈ နာရီတွင် ရှီလင် အမျိုးသား အားကစားကွင်း၌ ကျင်းပမည်။ ရုပ်သိမ်းပွဲကို ဇူလိုင်လ ၂၅ရက်ညနေ ၄ နာရီတွင် ရှီလင် ယဉ်ကျေးမှုနှင့် ကာယဗလ စင်တာ အားကစားရုံ၌ ကျင်းပမည်။ ထို့ပြင်၊ ဤအကြိမ် အားကစားပြိုင်ပွဲ၏ ပြိုင်ပွဲသီချင်း၊ ပြိုင်ပွဲအမှတ်တံဆိပ်၊ လာဘ်ကောင်အရုပ်လေးနှင့် အဓိကဆောင်ပုဒ်ကို ထုတ်ပြန်ကြေညာ ခဲ့သည်။

ကူမင်းမြို့ အားကစားပြိုင်ပွဲကို လေးနှစ်တစ်ကြိမ် ကျင်းပ၍ ဤအကြိမ်ကို ကူမင်းမြို့ ပြည်သူ့အစိုးရသည် ဦးစီးကျင်းပ၍ ရှီလင်ခရိုင် ပြည်သူ့အစိုးရနှင့် ကူမင်းမြို့ ပညာရေး အားကစား ဦးစီးဌာန၊ ကူမင်းမြို့ အလုပ်သမား အစည်းအရုံးချုပ် တို့သည် တာဝန်ယူ လုပ်ဆောင်မည်။ အားကစားပြိုင်ပွဲ ကျင်းပရာတွင် ပြိုင်ပွဲပါဝင်သည့် အားကစားသမား၊ ဒိုင်လူကြီး၊ အမှုထမ်း၊ သတင်းထောက်၊ ပရိသတ်၊ ခရီးသည် စသည့် လူအယောက် (၁)သောင်းကျော် ရှိပြီး ရှီလင်၌ စုစည်း၍ ကြီးကျယ်ခမ်းနားသော အားကစားပြိုင်ပွဲကို အတူစံစားကြမည်။

ဤအကြိမ် အားကစားပြိုင်ပွဲသည် ကလေးလူငယ်အဖွဲ့၊ လူလားမြောက်သူအဖွဲ့ကို စီစဉ်မည်၊ ၎င်းအနက်၊ ကလေးလူငယ်အဖွဲ့ ပြိုင်ပွဲကို မြို့တစ်ခုလုံး ခရိုင်၊ နယ်မြေ (၁၆)ခု၊ တံခါးဖွင့်ပေါ်လစီ ကျင့်သုံးသည့် ဇုန်နယ်၊ အပန်းဖြေဇုန်နယ် တို့သည် အဖွဲ့ဖွဲ့ပြီး ပါဝင်၍ ပြေးခုန်ပစ်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ ကလေး ကျွမ်းဘားအားကစားမှု စသည့် အကြီးစား အစီအစဉ် (၁၅)ခု၊ အသေးစား အစီအစဉ် (၃၄၇)ခုကို စီစဉ်၍ ရွှေတံဆိပ် (၃၇၆)ခု ပေါ်ပေါက်လာမည်။

နေ့စဉ် အစီအစဉ်အရ ဤအကြိမ် အားကစားပြိုင်ပွဲကို အဆင့်(၂)ဆင့် ခွဲခြား၍ ကျင်းပမည်၊ ပထမအဆင့်သည် လူလားမြောက်သူအဖွဲ့ ကျန်းမာရေးလေ့ကျင့်မှု ချိကုန်းသိုင်းပြိုင်ပွဲကို ဇူလိုင်လ ၁၁ရက်မှ ၁၃ရက်အထိ ရှီလင်၌ ကျင်းပမည် ဖြစ်သည်။ ဒုတိယအဆင့်သည် ဘောလုံး၊ ဘတ်စကက်ဘော စသည့် အစီအစဉ် (၂၆)ခု၏ ပြိုင်ပွဲကို ဇူလိုင်လ ၁၆ရက်မှ ၂၅ရက်အထိ ကူမင်း၊ ရှီလင်၌ ခွဲခြား ကျင်းပမည် ဖြစ်သည်။ ရေကူးခြင်း၊ တင်းနစ် အပြင်၊ တခြား အစီအစဉ်များကို ရှီလင်၌ ကျင်းပမည် ဖြစ်သည်။

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်