手機888娛樂城傲世皇朝平台

2019-05-20 15:42 ရောင်စုံတိမ်တံတား

131662_670x670

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အစားအစာသည် ယဉ်ကျေးမှုဖလှယ်ခြင်း၊ ယဉ်ကျေးမှု အတူတူ အကဲဖြတ်ရှုစားခြင်း ထဲတွင် အလှတင့်ဆုံး၊ လူကြိုက်များဆုံးသော ပစ္စည်းဖြစ်သည်။ မေလ ၁၆ရက်၊ နာမည်ကျော်သော ယူနန်ဟင်းလျားလုပ်ငန်းများ၊ ယူနန် အစားအသောက် ကုန်ကြမ်း လုပ်ငန်းများသည် နာမည်အကျော်ဆုံးသော စားစရာများကို ပါလာ၍ အာရှ ယဉ်ကျေးမှု အပြန်အလှန် စကားပြောဆိုခြင်း စည်းဝေးပွဲအောက်မှ အာရှအစားအစာပွဲတွင် ပထမအကြိမ်ဖော်ပြ၍ နိုင်ငံအသီးသီးမှ အစားအစာနှင့် ယှဉ်ပြိုင်ခဲ့သည်။

131664_670x670

ယူနန်ပြည်နယ် အစားအစာနှင့် အစားအစာလုပ်ငန်း အသင်း၏ ကိန်းဂဏန်းအရ ၂၀၁၈ခုနှစ်အထိ ပြည်နယ်ပနှင့် ပြည်ပတွင် ဖွင့်လှစ်သည့် ယူနန်ဟင်းလျာဆိုင် အဆိုင်(၂)ထောင်ကျော် ရှိ၍ လုပ်ငန်းတာဝန်ထမ်းဆောင်သူ အယောက်(၁)သိန်းနီးပါး ရှိခဲ့ပါပြီ။

131666_670x670

ဤအကြိမ် ပီကင်း အာရှအစားအစာပွဲကို မေလ ၁၆ရက်မှ ၂၂ရက်အထိ အိုလံပစ်ဥယျာဉ်၌ ကျင်းပခဲ့သည်၊ အဓိကကျင်းပရာနေရာတွင် ခေါင်းစဉ်ဖြင့် ပြတိုက်(၈)ခုကို ထောင်လိုက်၍ အာရှ ထူးခြားချက်ရှိစားသောက်ဆိုင်၊ အာရှ ထူးခြားချက်ရှိလက်ဖက်ရည်ဆိုင်၊ အာရှ ထူးခြားချက်ရှိဖျော်ရည်ဆိုင်၊ သက်သက်လွတ်စားဆိုင်၊ ရှေ့ဟောင်းနာမည်ကျော်တံဆိပ် စသည်တို့ကို ပါဝင်သည်။

131667_670x670

ယူနန် စံပြ အစားအသောက်လုပ်ငန်း များသည် အစားအစာပွဲတွင် ပထမအကြိမ်ဖော်ပြသည့် အခွင့်ကို ရရှိ၍ ယူနန် ထူးခြားချက်ရှိဟင်းလျာနှင့် ညစ်ညမ်းမဲ့ အစိမ်းရောင် အစားအသောက် ကုန်ကြမ်းများကို ပြခန်းနေရာ (၆)ခုဖြင့် စုစည်း ပြသခဲ့သည်။

131669_670x670

ဤယူနန်ထူးခြားချက်များသည် ပြည်တွင်းပြည်ပ ဧည့်သည်တော်၊ စားသောက်သူတို့သည် ကြိုက်ခံခဲ့သည်။ ပါဝင်သည့် ယူနန်ဟင်းလျာလုပ်ငန်း အဖွဲ့သည် အခုရိုးရာအစဉ်အလာနှင့် မတူ၍ အဆန်းထွင်ခြင်းပါရှိသည့် ဟင်းလျာများကို ပြသခဲ့သည်။ ဥပမာအားဖြင့် လစ်ကျန်းမုန့်၊ ပန်းမြက်ဖြင့် ပြုလုပ်သည့် လက်မှုကြံသကာ စသည်တို့။

ယူနန်ဟင်းလျာသည် ယူနန်ယဉ်ကျေးမှု၏ ကိုယ်စားပြုပစ္စည်း ဖြစ်၍ ထိခိုက်နိုင်စွမ်းရှိသည့် ယဉ်ကျေးမှုပြန့်ပွားရေး အမတ်ကြီးလည်း ဖြစ်သည်။ ဤပွဲသည် ယူနန်အစားအစာ ယဉ်ကျေးမှုသည် ပြည်နယ်ပ၊ ပြည်ပတွင် နာမည်ကျော်မှု၊ ထိခိုက်နိုင်စွမ်း တိုးမြှင့်သည့် အတွက် အရေးကြီးသော အကျိုးရှိသည်။ ထို့ပြင်၊ “ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု” တစ်လျှောက်မှ နိုင်ငံများတွင် ယူနန်ဟင်းလျာ ဖွံ့ဖြိုးတိုးတက်ရန် အာကာသ ကြီးသည်။ အခုတလော၊ ယူနန်ဟင်းလျာလုပ်ငန်း များသည် “ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု” တစ်လျှောက်မှ ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်၊ လာအို စသည့်နိုင်ငံများ၌ ဖွင့်လှစ်သည့် စားသောက်ဆိုင် ပိုများလာသည်။

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်