汇丰在线娱乐平台手机客户端必威大额提款安全吗

2019-05-13 17:30 ရောင်စုံတိမ်တံတား

126815

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) “ပိုးလမ်းမကြီးပေါ်မှ ယူနန်ဝတ်စုံ၊ ကူမင်း အမျိုးသားခေတ်မီဝတ်စုံပြပွဲ”ကို ဇွန်လ ၁၃ရက်မှ ၁၉ရက်အထိ ကူမင်းမြို့ ဥယျာဉ်1903၌ ကျင်းပမည်။ အမျိုးသား ခေတ်မီဝတ်စုံပြပွဲဖြင့် အမျိုးသားနှင့် ဖက်ရှင် ရောနှောပေါင်းစပ်သော မြို့ပြယဉ်ကျေးမှုအမှတ်တံဆိပ်ကို ဖန်တီးထုလုပ်ရန် ရည်ရွယ်မည်။

ဤအကြိမ် ခေတ်မီဝတ်စုံပြပွဲသည် ဒီဇိုင်းပြသခြင်း၊ အဝတ်တန်ဆာဖော်ပြခြင်း၊ ကုန်သည်ခေါ်ယူခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု သိမ်းသွင်းခြင်း၊ နှီးနှောဖလှယ်ခြင်း၊ ယဉ်ကျေးမှုလှုပ်ရှားမှု အစိတ်အပိုင်း(၅)ခု ပါဝင်မည်။ ပြပွဲကျင်းပရာတွင် ကူမင်းမြို့နှင့် ချူရွှန် ယီလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတို့၌ “လက်ဆင့်ကမ်းခြင်း၏ အလှ” အကြီးစား အဝတ်တန်ဆာပြပွဲ တစ်ကြိမ်ကို ခွဲခြားကျင်းပ၍ ယူနန် အမျိုးသားယဉ်ကျေးမှု၏ အောင်မြင်မှုများကို ပြသမည်။ ချူရွှန်ပြည်နယ်ခွဲမှ ယီလူမျိုးအဝတ်တန်တာ၊ ပန်းထိုးထည်ကုပစ္စည်း စသည့် ပြသပစ္စည်းများသည် ပရိသတ်များသည် ယီပန်းထိုးထည်၏ ဖူးခြားသော အခြေအနေများကို ခံစားစေမည်။ ထို့ပြင်၊ အရှေ့တောင်အာရှ တောင်အာရှနိုင်ငံများမှ အဝတ်တန်ဆာ အမှတ်တံဆိပ် ဖော်ပြပွဲသည် အရှေ့တောင်အာရှနိုင်ငံများမှ အမျိုးသားရိုးရာအမှတ်တံဆိပ်၊ ခေတ်မီအမှတ်တံဆိပ်နှင့် လွတ်လပ်သော ဒီဇိုင်းဆွဲဆရာများကို မိတ်ခေါ်၍ အရှေ့တောင်အာရှ အဝတ်တန်ဆာ အမှတ်တံဆိပ်ဖော်ပြပွဲကို ကျင်းပမည်။

126816

“ပိုးလမ်းမကြီးပေါ်မှ ယူနန်ဝတ်စုံ၊ ကူမင်း အမျိုးသား ခေတ်မီဝတ်စုံပြပွဲ”သည် “ပိုးလမ်းမကြီးပေါ်မှ ယူနန်ဝတ်စုံ၊ ရောင်စုံယူနန် ၂၀၁၉ခုနှစ် အမျိုးသားဝတ်စုံ ယှဉ်ပြိုင်ခြင်း ယဉ်ကျေးမှုပွဲ”ထဲမှ လှုပ်ရှားမှုတစ်ခု ဖြစ်သည်။ အခုတလော၊ အမျိုးသား အဝတ်တန်ဆာ လုပ်ငန်း အခု(၄၀)ကျော်သည် လှုပ်ရှားမှုကို ပါဝင်ရန် နာမည်စာရင်းပေးသွင်း ပါပြီ။ ပြသမည့် အကြောင်းအရာများသည် ယီ၊ မြောင်၊ ကျွန့်၊ ဘိုင်၊ ဟာနီ၊ လာဟူ စသည့်လူမျိုးများ၏ အကောင်းဆုံး အဝတ်တန်ဆာများနှင့် လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်း စသည့် အရှေ့တောင်အာရှ့နိုင်ငံများမှ အမျိုးသား အဝတ်တန်ဆာများကို ပါဝင်သည်။

ထိုအခါရောက်လျှင် ရှေးဟောင်းနည်းဖြင့် ပြုလုပ်သောဟန့်ဝတ်စုံ၊ ချူရွှန်ပြည်နယ်ခွဲ ယီဝတ်စုံ၊ ဆစ်ဆောင်ပန်းနားပြည်နယ်ခွဲ တိုင်လူမျိုး ပန်းထိုးအနုပညာ စသည်တို့ကို ခေတ်မီဝတ်စုံပြပွဲတွင် ပြသမည်။ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်း စသည့် နိုင်ငံများမှ နာမည်ကျော်သော အမျိုးသားဝတ်စုံ အမှတ်တံဆိပ်များသည်လည်း နိုင်ငံအသီးသီးမှ ထူးခြားချက်ရှိသည့် အမျိုးသား အဝတ်တန်ဆာများကို ကူမင်းအမျိုးသား ခေတ်မီဝတ်စုံပြပွဲသို့ ပါလာ၍ အရှေ့တောင်အာရှနိုင်ငံများမှ ထူးခြားသော အဝတ်တန်ဆာ ယဉ်ကျေးမှုကို ပြသမည်။

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်