性知博彩宝盈国际娱乐平台登录

2019-04-18 15:20 ရောင်စုံတိမ်တံတား

109109_670x670

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ကူမင်းမြို့၌ လတိုင်း မတူသော ပန်းများကို ရှုစားနိုင်၍ မတ်လ ချယ်ရီပန်းများ ရှိ၍ ဧပြီလ Jacaranda mimosifolia များ ပွင့်ဖူးသောကြောင့် ဤနေရာ နေထိုင်သည့် လူများသည် ချမ်းသာသုခနှင့် ပြည့်စုံသည်။

109110_670x670

အခုတလော၊ ကူမင်းမြို့ လမ်းကြီးလမ်းငယ်များတွင် Jacaranda mimosifolia များသည် ရှေ့ဆင်နောက်ဆက် ပွင့်ဖူး၍ ကူမင်းမြို့၌ သာယာလှပသော ရှုခင်းတစ်ခု ဖြစ်လာသည်။ Jacaranda mimosifolia များကို ကူမင်းမြို့၌ စိုက်ပျိုးသည် အနှစ်(၃၀) ရှိပါပြီ၊ တစ်နှစ် နွေရာသီ၊ ဆောင်းချဉ်းရာသီတို့တွင် တစ်ကြိမ် ပွင့်ဖူး၍ ကူမင်းမြို့တွင်းရပ်ကွက် လမ်းများ၊ ဥယျောဉ်များ၊ လူနေအ်မ်ရပ်ကွက်များနှင့် ဖန်လုံကျန်းမြစ် ကမ်းရိုးတန်းတစ်လျှောက်ကို တန်ဆာဆင်၍ မြို့ပြအတွက် ခရမ်းပြာရောင် တိုးဖြည့်ပေးသည်။

109111_670x670

ကျောင့်ချမ်ကျုံးလမ်း

အခု၊ ကျောင့်ချမ်ကျုံးလမ်း၌ Jacaranda mimosifolia များများ ပွင့်ဖူးနေသည်၊ နှစ်ကီလိုမီတာခန့် ရှည်ကြာသော လမ်းနှစ်ဖက်တွင် ပွင့်ဖူးနေသည့် ခရမ်းပြာရောင်ပန်းများ ရှိ၍ ရှုစားခြင်း၊ ဓာတ်ပုံရိုက်ခြင်း ဆောင်ရွက်လာရန် မြို့သူမြို့သားများကို ဆွဲဆောင်သည်။ သို့သော်လည်း အခု ဝေဝေဆာဆာ ပွင့်ဖူးချိန် မရောက်ဘူး။

109112_670x670

မြောက်မြို့တွင်းရပ်ကွက် ဟုံကျင်လမ်း

ကူမင်း မြောက်မြို့တွင်းရပ်ကွက် ဟုံကျင်လမ်း၌ Jacaranda mimosifolia အပင်တစ်ထောင်ကျော် အနည်းဆုံး စိုက်ပျိုးနေ၍ ကူမင်းမြို့၌ စိုက်ပျိုးသည် အများဆုံး နေရာ ဖြစ်သည်။ လမ်းတစ်ခုလုံးပေါ်တွင် Jacaranda mimosifolia စိုက်ပျိုးရုံသာမက ဘေးနားမှ ဟယ်ထန်ယွေ့စက်၊ ယွက်ရာထန်ဥယျောဉ်၊ ယူနန် ဘဏ္ဍာစီးပွားတက္ကသိုလ် တို့၌ Jacaranda mimosifolia များများ စိုက်ပျိုးထားသည်။

109116_670x670

ဟယ်ထန်ယွေ့စက် လူနေအိမ်ရပ်ကွက်

ဟယ်ထန်ယွေ့စက် လူနေအိမ်ရပ်ကွက်၌ Jacaranda mimosifolia ကြည့်ရှုလျှင် အလွန်လွယ်ကူ၍ စိတ်တိုင်းကျသည်။ လမ်းဘေးတွင် ကားနား၍ လူသွားလမ်းပေါ် လမ်းလျှောက်သည် သို့မဟုတ် ရပ်ကွက်ထဲသို့ ဝင်ရောက်ပြီးနောက် ထိုင်ခုံရှာပြီး ထိုင်၍ ခံစားသည်။

109129

109144_670x670

ဖန်လုံကျန်းမြစ်ကမ်းဘေး

ဖန်လုံကျန်းမြစ်ကမ်းဘေးတွင် Jacaranda mimosifolia များကို ၁၉၉၉ခုနှစ် မတိုင်မီ စိုက်ပျိုး၍ အခု (၈)မီတာ မြင့်သည်။

109117_670x670

ပီကင်းလမ်း

ပီကင်းလမ်းပေါ်တွင် Jacaranda mimosifolia များများ စိုက်ပျိုးထားသည်။

109118_670x670

တျိန်ချီးလမ်း

တျိန်ချီးလမ်းပေါ်တွင် Jacaranda mimosifolia များများ စိုက်ပျိုးထားသည်။ နှစ်သုံးလေးငါး စိုက်ပျိုး၍ အခု ရှုခင်းရပ်ကွက်တစ်ခု ဖြစ်လာသည်။

109119_670x670

သိမ်ဟွာလမ်း

သိမ်ဟွာလမ်းလမ်း ဘေးနားတွင် Jacaranda mimosifolia အပင်သုံးလေးငါးဆယ် စိုက်ပျိုးထားသည်။

ထို့ပြင်၊ ကန်တော်စိမ်းတွင် ပွင့်ဖူးသည် အကောင်းဆုံးသော၊ အသက် အကြီးဆုံးသော Jacaranda mimosifolia နှစ်ပင်ရှိသည်။ ကူမင်းမြို့ တျိန်ချီးလမ်း၏ ဗဟိုလမ်းပလက်ဖောင်း၊ ကျူဟွာရွာဖလိုင်းအိုဖါအနီး၊ နန်ဖျင်လမ်း၊ ချင့်ဖုန်းဘုရား စသည့်နေရာတို့၌ Jacaranda mimosifolia လည်း ကြည့်နိုင်သည်။

109120_670x670

109125_670x670

109126_670x670

109127_670x670

109128_670x670

109130_670x670

109140

109141_670x670

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်